မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်မှုကျူးလွန်သူအားလုံးကို သြစတြေးလျတရားရုံး၌ တရားစွဲဆိုရန် NUG ပြင်ဆင်

မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်မှုကျူးလွန်သူအားလုံးကို သြစတြေးလျတရားရုံး၌ တရားစွဲဆိုရန် NUG ပြင်ဆင်

▪️အာဂျင်တီးနားအပြင် နယ်သာလန်နှင့် သြစတြေးလျတရားရုံးတို့၌ပါ တရားစွဲရန် ကြိုးပမ်းနေ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရာဇဝတ်မှုကျူးလွန်သူအားလုံးကို သြစတြေးလျနိုင်ငံရှိ တရားရုံး၌ တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကတည်းက တရားမဝင်အာဏာသိမ်းစစ်တပ်သည် နိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ညှင်းပန်း၊ နှိပ်စက်၊သတ်ဖြတ်၊ မီးရှို့ခြင်း စသည့် ရာဇဝတ်မှုများစွာကျူးလွန်ခဲ့ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး သြစတြေးလျတရားရုံး၌ တရားစွဲရန် NUG က လုပ်ဆောင်နေ ခြင်းဖြစ်သည်။

“အာဂျင်တီးနားမှာလည်း Universal Jurisdiction အရ မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲသလိုပေါ့။ အခု ဩစတြေးလျမှာ လုပ်နေတာကလည်း ရာဇဝတ်မှုကျူးလွန်နေသူတွေကို ဘယ်နိုင်ငံကဖြစ်စေ အရေးယူနိုင်တဲ့ အခြေအနေပေါ့။ ဖြစ်နိုင်ချေရှိတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတဝန်းလူမဆန်စွာ ကျူးလွန် ခဲ့မှုဖြစ်စဉ်များကို မှတ်တမ်းတင်ထားကာ သံတမန်ရေးလမ်းကြောင်းအရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊

ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ထံ အစီရင်ခံစာပေးပို့နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၃၀ ရက်တွင်ပြုလုပ်သော The Power of Revolution (တော်လှန်ရေး၏စွမ်းအား) စကားဝိုင်း၌ ပြောကြားခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေလို့ သာမန်ဆုံးဖြတ်ချက်၊ သာမာန်ထုတ်ပြန်ချက်နဲ့ မရဘဲနဲ့ မြန်မာနိုင်ငံကို သံတမန်ရေးအရ ပိတ်ဆို့ဖို့၊ လက်နက်ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေကို တရားဥပဒေတွေအရ အရေးယူနိုင်ဖို့ ဆိုတဲ့သုံးခုဖြစ်ဖို့ ဆက်လက်တိုက်တွန်းနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၇ က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်တာဝန်ရှိသူများကို အာဂျင်တီးနားတရားရုံး၌ တရားစွဲဆိုထားမှုကို ယင်းတရားရုံးက လက်ခံလိုက် ပြီဖြစ်ပြီး စစ်ဆေးကြားနာမှု စတင်နေပြီဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်နှင့် တရားရှိသူများကို အရေးယူရေး အတွက် နယ်သာလန်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၌ တရားစွဲရန် ခုံရုံးရှေ့နေများက ပြင်ဆင်နေသည်။

ထို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြစ်မှုဆိုင်ရာနိုင်ငံတကာခုံရုံးနှင့် အာဂျင်တီးနား၊ ဖက်ဒရယ်တရားရုံးတို့က ပေးပို့ လာသည့်အကြောင်းကြားစာများကို လက်ခံခြင်းမပြုရန် ဝန်ကြီးဌာနအသီးသီးကို ယခုလကုန်ပိုင်းတွင်ညွှန်ကြားထားသည်။

Zawgyi

မင္းေအာင္လႈိင္အပါအဝင္ ရာဇဝတ္မႈက်ဴးလြန္သူအားလုံးကို ၾသစေၾတးလ်တရား႐ုံး၌ တရားစြဲဆိုရန္ NUG ျပင္ဆင္

▪️အာဂ်င္တီးနားအျပင္ နယ္သာလန္ႏွင့္ ၾသစေၾတးလ်တရား႐ုံးတို႔၌ပါ တရားစြဲရန္ ႀကိဳးပမ္းေန

အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္ႏွင့္ ရာဇဝတ္မႈက်ဴးလြန္သူအားလုံးကို ၾသစေၾတးလ်ႏိုင္ငံရွိ တရား႐ုံး၌ တရားစြဲဆိုႏိုင္ေရးလုပ္ေဆာင္ေနေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက လူထုေႏြဦးသို႔ ေျပာသည္။

ေဖေဖာ္ဝါရီ ၁ ရက္အာဏာသိမ္းခ်ိန္ကတည္းက တရားမဝင္အာဏာသိမ္းစစ္တပ္သည္ ႏိုင္ငံတဝန္းရွိ ျပည္သူလူထုအေပၚ ညႇင္းပန္း၊ ႏွိပ္စက္၊သတ္ျဖတ္၊ မီးရႈိ႕ျခင္း စသည့္ ရာဇဝတ္မႈမ်ားစြာက်ဴးလြန္ခဲ့ၿပီး အဆိုပါ ရာဇဝတ္မႈမ်ားအတြက္ တာဝန္ခံမႈရွိေစေရး ၾသစေၾတးလ်တရား႐ုံး၌ တရားစြဲရန္ NUG က လုပ္ေဆာင္ေန ျခင္းျဖစ္သည္။

“အာဂ်င္တီးနားမွာလည္း Universal Jurisdiction အရ ျမန္မာစစ္ေခါင္းေဆာင္ေတြကို တရားစြဲသလိုေပါ့။ အခု ဩစေၾတးလ်မွာ လုပ္ေနတာကလည္း ရာဇဝတ္မႈက်ဴးလြန္ေနသူေတြကို ဘယ္ႏိုင္ငံကျဖစ္ေစ အေရးယူႏိုင္တဲ့ အေျခအေနေပါ့။ ျဖစ္ႏိုင္ေခ်ရွိတယ္”ဟု ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာသည္။

NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာနသည္ အၾကမ္းဖက္စစ္အုပ္စု၏ ႏိုင္ငံတဝန္းလူမဆန္စြာ က်ဴးလြန္ ခဲ့မႈျဖစ္စဥ္မ်ားကို မွတ္တမ္းတင္ထားကာ သံတမန္ေရးလမ္းေၾကာင္းအရ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၊

ကုလသမဂၢအေထြေထြညီလာခံႏွင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီတို႔ထံ အစီရင္ခံစာေပးပို႔ေနေၾကာင္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဒီဇင္ဘာ ၃၀ ရက္တြင္ျပဳလုပ္ေသာ The Power of Revolution (ေတာ္လွန္ေရး၏စြမ္းအား) စကားဝိုင္း၌ ေျပာၾကားခဲ့သည္။

“လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြျဖစ္ေနလို႔ သာမန္ဆုံးျဖတ္ခ်က္၊ သာမာန္ထုတ္ျပန္ခ်က္နဲ႔ မရဘဲနဲ႔ ျမန္မာႏိုင္ငံကို သံတမန္ေရးအရ ပိတ္ဆို႔ဖို႔၊ လက္နက္ပိတ္ဆို႔ဖို႔၊ စစ္ေခါင္းေဆာင္ေတြကို တရားဥပေဒေတြအရ အေရးယူႏိုင္ဖို႔ ဆိုတဲ့သုံးခုျဖစ္ဖို႔ ဆက္လက္တိုက္တြန္းေနပါတယ္”ဟု ၎က ဆက္ေျပာသည္။

၂၀၁၇ က ရခိုင္ျပည္နယ္အတြင္း ႐ိုဟင္ဂ်ာမ်ားအေပၚ က်ဴးလြန္ခဲ့မႈမ်ားအတြက္ မင္းေအာင္လႈိင္အပါအဝင္ ျမန္မာစစ္တပ္တာဝန္ရွိသူမ်ားကို အာဂ်င္တီးနားတရား႐ုံး၌ တရားစြဲဆိုထားမႈကို ယင္းတရား႐ုံးက လက္ခံလိုက္ ၿပီျဖစ္ၿပီး စစ္ေဆးၾကားနာမႈ စတင္ေနၿပီျဖစ္သည္။

ထို႔အျပင္ ႐ိုဟင္ဂ်ာမ်ားအေပၚ က်ဴးလြန္ခဲ့မႈမ်ားအတြက္ မင္းေအာင္လႈိင္ႏွင့္ တရားရွိသူမ်ားကို အေရးယူေရး အတြက္ နယ္သာလန္ရွိ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး(ICC)၌ တရားစြဲရန္ ခုံ႐ုံးေရွ႕ေနမ်ားက ျပင္ဆင္ေနသည္။

ထို႔အတြက္ အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က ျပစ္မႈဆိုင္ရာႏိုင္ငံတကာခုံ႐ုံးႏွင့္ အာဂ်င္တီးနား၊ ဖက္ဒရယ္တရား႐ုံးတို႔က ေပးပို႔ လာသည့္အေၾကာင္းၾကားစာမ်ားကို လက္ခံျခင္းမျပဳရန္ ဝန္ႀကီးဌာနအသီးသီးကို ယခုလကုန္ပိုင္းတြင္ၫႊန္ၾကားထားသည္။

credit

Be the first to comment

Leave a Reply

Your email address will not be published.


*