ငယ္ခ်စ္ဦးနဲ႔ လြဲခဲ့သူမ်ားမဖတ္ရ

ကေလးဘဝ ကိုျပန္လြမ္းမယ္ဆိုၿပီး စဥ္းစားေတာ့ အခ်စ္ဦးကို တန္းျပန္သ တိရ တာပါပဲ။ ကၽြန္ေတာ္တို႔ေတြဟာ ဘာေကာင္ႀကီးေတြ မွမဟုတ္ပဲ အခ်စ္ဦး အတြက္ဆို သူရဲေကာင္းႀကီး အ ျဖစ္ရွိ ခ်င္ခဲ့ၾကတယ္။

ကေလးဘ ဝကိုျပန္ သြားတာနဲ႔ အခ်စ္ဦးဆိုတာ ကလည္း ဇာတ္လမ္းတစ္ပုဒ္ရဲ့ ဇာတ္ဝင္ခန္း တစ္ခုလိုပါပဲ။အခ်စ္ဦးလို႔ သုံးတာက Crush ဆိုတဲ့စကားကို ကေလးဘဝက မသိခဲ့ေသးတာေရာ Crush တယ္ဆိုတာထက္ၿပီးျမတ္နိုးခဲ့ မိတာၾကာင့္ေရာပါ ။

ကၽြန္ေတာ္တို႔အားလုံးႏွစ္သက္ၿပီး ျပန္တမ္း တၾကတဲ့အျဖဴ စိမ္းေက်ာင္ းသား ဘဝမွာဆို မနက္မိုးလင္းလို႔ေက်ာင္းေရာက္တာနဲ႔ ကိုယ့္အဖြဲ႕ေလးနဲ႔ကိုယ္ ကေလးတို႔သဘာ ဝေဆာ့မယ္ ကစားမယဒီလိုနဲ႔အခ်ိန္ကုန္တတ္ခဲ့ၾက ပါတယ္။

ဒါေပမယ့္ အခ်စ္ဦးဆိုတဲ့ ေကာင္မေလးက စိန္ေျပးတမ္း ကစားေနသလား ႀကိဳးခုန္ေနသလား ဇယ္ခုပ္ေနသလားဆို တာကိုလည္း စိတ္ဝင္တစား လို က္ၾကည့္ခဲ့ၾကဖူး မွာပါ။

အခါအခြင့္ သင့္တာနဲ႔ သူကစားေနတဲ့ ဝိုင္းထဲမွာ ကိုယ္ပါဝင္ ခြင့္ရဖို႔အသင့္ ရွိေနခဲ့ၾကဖူးတယ္ မလား၊ကၽြန္ေတာ့္ အခ်စ္ဦးဆို သူတအားေဆာ့တာက အဝတ္ကို မ်က္လုံးမွာစည္းၿပီး လက္နဲ႔လိုက္ ပုတ္တဲ့ကစားနည္း။

အဝတ္စည္းထား တဲ့သူရဲ့ လက္နဲ႔ထိမိသူက သူ႔ေနရာကိုဝင္ယူၿပီး ေနာက္တစ္ေယာက္ကို လိုက္ဖမ္းရေတာ့တာပဲ။

ကၽြန္ေတာ္ဆို သူေခြး႐ူး ျဖစ္တာနဲ႔ သူ႔အနားသြား အသံေပးၿပီး ကိုယ့္ကိုယ္ကို ေခြး႐ူးအျဖစ္ခံခဲ့ဖူးတယ္။

ဘယ္အခ်ိန္ မွာျဖစ္ျဖစ္ သူငယ္ခ်င္းဆို တဲ့အျဖဴေရာင္ စည္းေဘာင္ေလး ထဲကေန သူ႔အတြက္ အသင့္ရွိေနခဲ့ဖူးတယ္ဆိုပါေတာ့၊

ေက်ာင္းပထမဆုံးဖြင့္ရက္ အတန္းပိုင္ ဆရာမက အသင္းေတြခြဲ တဲ့အခါ သူနဲ႔အသင္း တူတူက်ဖို႔လည္း ကၽြန္ေတာ္ေတာ့ အမ်ိဳးမ်ိဳးႀကိဳး စားခဲ့ဖူးတယ္။

အခ်စ္ဦးနဲ႔ အသင္းအတူ တူျဖစ္ရတဲ့အခါ ရတဲ့အခြင့္ေရးက နည္းမွ မနည္းပဲဗ်။ စာသင္ခ်ိန္မွာမ်က္ႏွာခ်င္းဆိုင္အေနထားနဲ႔ တစ္ခုံတည္း ထိုင္ရတယ္။

ၿပီးေတာ့ ကိုယ့္အသင္ းတာဝန္က်ရက္ဆို ေက်ာင္းကိုအေစာႀကီးလာမယ္ ။

သူကဘာတာဝန္လဲ အသင္းေခါင္းေဆာင္ ကိုေမးမယ္။ သူက ေရခပ္ရမွာလား ကၽြန္ေတာ္ကဦး ေအာင္ခပ္ေပးထား လိုက္တယ္။

သူက တံျမက္စည္း လွဲရမွာလား ကၽြန္ေတာ္က ဦးေအာင္လွဲေပး ထားလိုက္တယ္။

သူက အမွိုက္က်ဳံးရမွာလား ကၽြန္ေတာ္က ဦးေအာင္က်ဳးေပးထား လိုက္တယ္။ သူေက်ာင္းေရာက္လို႔ သူ႔တာဝန္ေတြၿပီးတဲ့အခါ သူေပ်ာ္ေန တာေလးကို ကၽြန္ေတာ္ သေဘာက်တယ္။

သူဘုရားပန္းတင္ဖို႔ ပန္းေလးဝယ္လာတိုင္း ဘုရားပန္းအိုးကို အရင္စြန႔္ၿပီး ကၽြန္ေတာ္ အသင့္ျပင္ထားေပးခဲ့ဖူးတယ္။

သူဝယ္လာတဲ့ ဘုရားပန္းလဲၿပီး ဘုရားကိုျပန္ ကပ္တဲ့အခါ သူမ အားကိုးတႀကီးအကူညီေတာင္းတဲ့သူဟာ ကိုယ္ျဖစ္ေနရင္ ဘယ္ေလာက္မ်ား ေပ်ာ္စရာေကာင္းလဲ၊

ၿပီးေတာ့ ဘုရားပန္းျပန္ကပ္တဲ့အခါ ဘာမွန္းမသိတဲ့ ဖူးစာဆိုတာကို သူနဲ႔ပါဖို႔အတြက္ ဘုရားကိုတိုးတိုးကေလးနဲ႔ အပူကပ္ခဲ့ဖူးတယ္။

ေက်ာင္းဆင္းခ်ိန္ အိမ္ျပန္ၾကေတာ့လည္ းဘာထူးလဲ သူစက္ဘီး ထုတ္တဲ့အခါ အလြယ္တကူ ျဖစ္ေအာင္ သူ႔စက္ဘီးေဘးနားက အျခားဘီးေတြ ကိုႀကိဳရွင္းေပးထားခဲ့ ဖူးတယ္။

တစ္ခါတစ္ေလ ဆိုကၽြန္ေတာ္ သိပ္ညစ္ပတ္တာ၊ သူ႔ဘီးကို ေလေလ်ာ့ထားၿပီး သူလာမွသတိေပး ကိုယ္တိုင္လိုက္ တြန္းေပးၿပီး ေလျပန္ထိုးေပး ခဲ့ေသးတာ။

ဘာပဲေျပာေျပာ သူအသိမွတ္ျပဳ တာေလးကိုကၽြန္ေတာ္ ေက်နပ္ေနတာ မ်ိဳးေလဗ်ာ။

သူနဲ႔ကၽြန္ေတာ္က တစ္ရပ္ကြက္ထဲဗ် ။ အိမ္ျပန္တဲ့လမ္းတစ္ ေလၽွာက္လည္း သူနဲ႔မတူတူေအာင္ သူျပန္တဲ့လမ္းက လိုက္ျပန္တယ္။

တျခားေကာင္ေလးေတြသူ႔နားကပ္မယ့္ အရိပ္ေယာင္ေတြ႕တာနဲ႔ ကၽြန္ေတာ္ အရင္ကပ္ၿပီး စကားေတြႀကံဖန္ရွာေျပာခဲ့ဖူးတယ္။

သူအိမ္လမ္းထဲ သူဝင္သြားၿပီဆိုမွ ကၽြန္ေတာ္လမ္းကို ကၽြန္ေတာ္ လွည့္ျပန္ခဲ့တာမ်ိဳး။ တစ္ခါတစ္ေလ သူ႔အေဖကဆိုင္ကယ္ နဲ႔လာႀကိဳ တဲ့ရက္မ်ိဳးမွာဆို

110 Loujia ဆိုင္ကယ္ကို ကၽြန္ေတာ္ရဲ့တ႐ုတ္စက္ဘီးေလး နဲ႔အမွီနင္းၿပီး သူ႔ျမင္ေအာင္ အားထုတ္ခဲ့ေသးတာ။

သူမ မသိတဲ့ သူမရဲ့ သူရဲေကာင္းႀကီး အျဖစ္ ကိုယ့္ကိုယ္ကို တာဝန္ေပးၿပီး ဂုဏ္ယူခဲ့ရ ခ်ိန္ေတြေပါ့ဗ်ာ၊ဒါေပမယ့္လည္း အခ်ည္းႏွီးေတြပါပဲ။

အ ထက္တန္းေက်ာင္းသားဘဝ က်ဴရွင္ေတြ ဝိုင္းေတြ ေဘာ္ဒါေတြၿပိဳင္လာတဲ့အခါ ဓနရွင္ေတြရဲ့ပညာေရးအသိုင္းဝိုင္းကို ကၽြန္ေတာ္မွ လိုက္မၿပိဳင္နိုင္ခဲ့တာ။

ရွစ္တန္းႏွစ္မွာ သူကေက်ာင္းေျပာင္းတယ္။ ၿပီးေတာ့ နာမည္ႀကီးေဘာ္ဒါ တစ္ခုမွာ တက္တယ္။

ကၽြန္ေတာ္က ရပ္ကြက္ထဲ က်ဴရွင္တစ္ခုမွာ ဘယ္သူမွမဖတ္တဲ့ ကဗ်ာေတြေရးၿပီး အသည္းေတြ ထိုင္ကြဲေနခဲ့ဖူးတယ္။

ဆယ္တန္းႏွစ္က် သူအိမ္ကို ျပန္လာတယ္။ ေဘာ္ဒါမွာမေနဘဲ အျပင္ဝိုင္းေတြ လိုက္တက္ဖို႔တဲ့။ ကၽြန္ေတာ္က စာမေတာ္ေပမယ့္ ဝီရိယ သိပ္ေကာင္းတယ္။

မနက္အေစာႀကီးငါးနာရီထ တယ္ သူသြားမယ့္ စာသင္ဝိုင္း လမ္းမွာသြားႀကိဳ ေစာင့္တယ္။ ၿပီးေတာ့လိုက္ပို႔တယ္။ ဒါေပမယ့္ အေဝးကေနပါပဲ။

သူကေတာ့ သိမွာလည္း မဟုတ္ခဲ့ပါဘူး။ ဒီလိုနဲ႔ဆယ္တန္းေတြ ၿပီးၾကေတာ့ သူကရန္ကုန္မွာ ပုဂၢလိက တကၠသိုလ္ တစ္ခုသြားတက္တယ္။

ကၽြန္ေတာ္ကနယ္မွာ က်န္ခဲ့တယ္။ အခ်စ္ဦးဟာ လူတိုင္းနဲ႔လြဲတယ္ ဆိုတဲ့စကားကို ကၽြန္ေတာ္ သိပ္မုန္းတယ္။

ရွစ္တန္းႏွစ္ကေန စလြဲသြားတဲ့ ေကာင္မေလးဟာ အခုဆို ဘြဲ႕ေတြရလို႔ အလုပ္ေတြေတာင္ဝင္ေနၿပီ။

ကၽြန္ေတာ္နဲ႔ကေတာ့ လြဲေနတုန္းပဲ၊Back to childhood တဲ့ကၽြန္ေတာ္လည္း အမွတ္တရေတြ သိပ္ေရးခ်င္တာနဲ႔ ေတြးမိခဲ့တယ္။

သတိရမိတာကလည္း ေဝးခဲ့ရတဲ့ အခ်စ္ဦးပဲ။ အျပန္အလွန္မ ခ်စ္ခဲ့ၾကေပမယ့္ ထာဝရအခ်စ္ဦး လို႔ေတာ့သုံးခြင့္ရွိတယ္မလား၊

Facebook ေတြေခတ္စားလာေတာ့ သူ႔အေကာင့္ေလး ကိုကၽြန္ေတာ္ အပ္မိေသးတယ္။ ႏွစ္ေတြအၾကာႀကီးေစာင့္ ရက်ိဳးနပ္ပါတယ္။

အေကာင့္လက္ခံၿပီး သိပ္မၾကာဘူး သူ႔အတြက္ေရးတဲ့ ကဗ်ာေလးဖတ္ၿပီး ကၽြန္ေတာ့္ကို ဘေလာ့သြားေလရဲ့ ၊

ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ အားလုံးထဲ ကတခ်ိဳ႕တစ္ဝက္ဟာ အခ်စ္ဦးနဲ႔ လြဲခဲ့သူခ်ည္းပါပဲ ။

မေပါင္းဖက္ရတဲ့ဇာတ္လမ္း နီးစပ္ခြင့္ မရွိတဲ့ဇာတ္ လမ္းေတြကိုမွ အျမဲတမ္းတမိေန တဲ့ကေလးဘဝရဲ့ အမွတ္တရအခ်ိဳ႕ေပါ့ဗ်ာ။

Credit Original writer

Unicode,

ကလေးဘဝ ကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကို တန်းပြန်သ တိရ တာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေ မှမဟုတ်ပဲ အချစ်ဦး အတွက်ဆို သူရဲကောင်းကြီး အ ဖြစ်ရှိ ချင်ခဲ့ကြတယ်။

ကလေးဘ ဝကိုပြန် သွားတာနဲ့ အချစ်ဦးဆိုတာ ကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။အချစ်ဦးလို့ သုံးတာက Crush ဆိုတဲ့စကားကို ကလေးဘဝက မသိခဲ့သေးတာရော Crush တယ်ဆိုတာထက်ပြီးမြတ်နိုးခဲ့ မိတာကြာင့်ရောပါ ။

ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်း တကြတဲ့အဖြူ စိမ်းကျောင် းသား ဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာ ဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြ ပါတယ်။

ဒါပေမယ့် အချစ်ဦးဆိုတဲ့ ကောင်မလေးက စိန်ပြေးတမ်း ကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆို တာကိုလည်း စိတ်ဝင်တစား လို က်ကြည့်ခဲ့ကြဖူး မှာပါ။

အခါအခွင့် သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင် ခွင့်ရဖို့အသင့် ရှိနေခဲ့ကြဖူးတယ် မလား၊ကျွန်တော့် အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကို မျက်လုံးမှာစည်းပြီး လက်နဲ့လိုက် ပုတ်တဲ့ကစားနည်း။

အဝတ်စည်းထား တဲ့သူရဲ့ လက်နဲ့ထိမိသူက သူ့နေရာကိုဝင်ယူပြီး နောက်တစ်ယောက်ကို လိုက်ဖမ်းရတော့တာပဲ။

ကျွန်တော်ဆို သူခွေးရူး ဖြစ်တာနဲ့ သူ့အနားသွား အသံပေးပြီး ကိုယ့်ကိုယ်ကို ခွေးရူးအဖြစ်ခံခဲ့ဖူးတယ်။

ဘယ်အချိန် မှာဖြစ်ဖြစ် သူငယ်ချင်းဆို တဲ့အဖြူရောင် စည်းဘောင်လေး ထဲကနေ သူ့အတွက် အသင့်ရှိနေခဲ့ဖူးတယ်ဆိုပါတော့၊

ကျောင်းပထမဆုံးဖွင့်ရက် အတန်းပိုင် ဆရာမက အသင်းတွေခွဲ တဲ့အခါ သူနဲ့အသင်း တူတူကျဖို့လည်း ကျွန်တော်တော့ အမျိုးမျိုးကြိုး စားခဲ့ဖူးတယ်။

အချစ်ဦးနဲ့ အသင်းအတူ တူဖြစ်ရတဲ့အခါ ရတဲ့အခွင့်ရေးက နည်းမှ မနည်းပဲဗျ။ စာသင်ချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ တစ်ခုံတည်း ထိုင်ရတယ်။

ပြီးတော့ ကိုယ့်အသင် းတာဝန်ကျရက်ဆို ကျောင်းကိုအစောကြီးလာမယ် ။

သူကဘာတာဝန်လဲ အသင်းခေါင်းဆောင် ကိုမေးမယ်။ သူက ရေခပ်ရမှာလား ကျွန်တော်ကဦး အောင်ခပ်ပေးထား လိုက်တယ်။

သူက တံမြက်စည်း လှဲရမှာလား ကျွန်တော်က ဦးအောင်လှဲပေး ထားလိုက်တယ်။

သူက အမှိုက်ကျုံးရမှာလား ကျွန်တော်က ဦးအောင်ကျုးပေးထား လိုက်တယ်။ သူကျောင်းရောက်လို့ သူ့တာဝန်တွေပြီးတဲ့အခါ သူပျော်နေ တာလေးကို ကျွန်တော် သဘောကျတယ်။

သူဘုရားပန်းတင်ဖို့ ပန်းလေးဝယ်လာတိုင်း ဘုရားပန်းအိုးကို အရင်စွန့်ပြီး ကျွန်တော် အသင့်ပြင်ထားပေးခဲ့ဖူးတယ်။

သူဝယ်လာတဲ့ ဘုရားပန်းလဲပြီး ဘုရားကိုပြန် ကပ်တဲ့အခါ သူမ အားကိုးတကြီးအကူညီတောင်းတဲ့သူဟာ ကိုယ်ဖြစ်နေရင် ဘယ်လောက်များ ပျော်စရာကောင်းလဲ၊

ပြီးတော့ ဘုရားပန်းပြန်ကပ်တဲ့အခါ ဘာမှန်းမသိတဲ့ ဖူးစာဆိုတာကို သူနဲ့ပါဖို့အတွက် ဘုရားကိုတိုးတိုးကလေးနဲ့ အပူကပ်ခဲ့ဖူးတယ်။

ကျောင်းဆင်းချိန် အိမ်ပြန်ကြတော့လည် းဘာထူးလဲ သူစက်ဘီး ထုတ်တဲ့အခါ အလွယ်တကူ ဖြစ်အောင် သူ့စက်ဘီးဘေးနားက အခြားဘီးတွေ ကိုကြိုရှင်းပေးထားခဲ့ ဖူးတယ်။

တစ်ခါတစ်လေ ဆိုကျွန်တော် သိပ်ညစ်ပတ်တာ၊ သူ့ဘီးကို လေလျော့ထားပြီး သူလာမှသတိပေး ကိုယ်တိုင်လိုက် တွန်းပေးပြီး လေပြန်ထိုးပေး ခဲ့သေးတာ။

ဘာပဲပြောပြော သူအသိမှတ်ပြု တာလေးကိုကျွန်တော် ကျေနပ်နေတာ မျိုးလေဗျာ။

သူနဲ့ကျွန်တော်က တစ်ရပ်ကွက်ထဲဗျ ။ အိမ်ပြန်တဲ့လမ်းတစ် လျှောက်လည်း သူနဲ့မတူတူအောင် သူပြန်တဲ့လမ်းက လိုက်ပြန်တယ်။

တခြားကောင်လေးတွေသူ့နားကပ်မယ့် အရိပ်ယောင်တွေ့တာနဲ့ ကျွန်တော် အရင်ကပ်ပြီး စကားတွေကြံဖန်ရှာပြောခဲ့ဖူးတယ်။

သူအိမ်လမ်းထဲ သူဝင်သွားပြီဆိုမှ ကျွန်တော်လမ်းကို ကျွန်တော် လှည့်ပြန်ခဲ့တာမျိုး။ တစ်ခါတစ်လေ သူ့အဖေကဆိုင်ကယ် နဲ့လာကြို တဲ့ရက်မျိုးမှာဆို

110 Loujia ဆိုင်ကယ်ကို ကျွန်တော်ရဲ့တရုတ်စက်ဘီးလေး နဲ့အမှီနင်းပြီး သူ့မြင်အောင် အားထုတ်ခဲ့သေးတာ။

သူမ မသိတဲ့ သူမရဲ့ သူရဲကောင်းကြီး အဖြစ် ကိုယ့်ကိုယ်ကို တာဝန်ပေးပြီး ဂုဏ်ယူခဲ့ရ ချိန်တွေပေါ့ဗျာ၊ဒါပေမယ့်လည်း အချည်းနှီးတွေပါပဲ။

အ ထက်တန်းကျောင်းသားဘဝ ကျူရှင်တွေ ဝိုင်းတွေ ဘော်ဒါတွေပြိုင်လာတဲ့အခါ ဓနရှင်တွေရဲ့ပညာရေးအသိုင်းဝိုင်းကို ကျွန်တော်မှ လိုက်မပြိုင်နိုင်ခဲ့တာ။

ရှစ်တန်းနှစ်မှာ သူကကျောင်းပြောင်းတယ်။ ပြီးတော့ နာမည်ကြီးဘော်ဒါ တစ်ခုမှာ တက်တယ်။

ကျွန်တော်က ရပ်ကွက်ထဲ ကျူရှင်တစ်ခုမှာ ဘယ်သူမှမဖတ်တဲ့ ကဗျာတွေရေးပြီး အသည်းတွေ ထိုင်ကွဲနေခဲ့ဖူးတယ်။

ဆယ်တန်းနှစ်ကျ သူအိမ်ကို ပြန်လာတယ်။ ဘော်ဒါမှာမနေဘဲ အပြင်ဝိုင်းတွေ လိုက်တက်ဖို့တဲ့။ ကျွန်တော်က စာမတော်ပေမယ့် ဝီရိယ သိပ်ကောင်းတယ်။

မနက်အစောကြီးငါးနာရီထ တယ် သူသွားမယ့် စာသင်ဝိုင်း လမ်းမှာသွားကြို စောင့်တယ်။ ပြီးတော့လိုက်ပို့တယ်။ ဒါပေမယ့် အဝေးကနေပါပဲ။

သူကတော့ သိမှာလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ဆယ်တန်းတွေ ပြီးကြတော့ သူကရန်ကုန်မှာ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုသွားတက်တယ်။

ကျွန်တော်ကနယ်မှာ ကျန်ခဲ့တယ်။ အချစ်ဦးဟာ လူတိုင်းနဲ့လွဲတယ် ဆိုတဲ့စကားကို ကျွန်တော် သိပ်မုန်းတယ်။

ရှစ်တန်းနှစ်ကနေ စလွဲသွားတဲ့ ကောင်မလေးဟာ အခုဆို ဘွဲ့တွေရလို့ အလုပ်တွေတောင်ဝင်နေပြီ။

ကျွန်တော်နဲ့ကတော့ လွဲနေတုန်းပဲ၊Back to childhood တဲ့ကျွန်တော်လည်း အမှတ်တရတွေ သိပ်ရေးချင်တာနဲ့ တွေးမိခဲ့တယ်။

သတိရမိတာကလည်း ဝေးခဲ့ရတဲ့ အချစ်ဦးပဲ။ အပြန်အလှန်မ ချစ်ခဲ့ကြပေမယ့် ထာဝရအချစ်ဦး လို့တော့သုံးခွင့်ရှိတယ်မလား၊

Facebook တွေခေတ်စားလာတော့ သူ့အကောင့်လေး ကိုကျွန်တော် အပ်မိသေးတယ်။ နှစ်တွေအကြာကြီးစောင့် ရကျိုးနပ်ပါတယ်။

အကောင့်လက်ခံပြီး သိပ်မကြာဘူး သူ့အတွက်ရေးတဲ့ ကဗျာလေးဖတ်ပြီး ကျွန်တော့်ကို ဘလော့သွားလေရဲ့ ၊

ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံးထဲ ကတချို့တစ်ဝက်ဟာ အချစ်ဦးနဲ့ လွဲခဲ့သူချည်းပါပဲ ။

မပေါင်းဖက်ရတဲ့ဇာတ်လမ်း နီးစပ်ခွင့် မရှိတဲ့ဇာတ် လမ်းတွေကိုမှ အမြဲတမ်းတမိနေ တဲ့ကလေးဘဝရဲ့ အမှတ်တရအချို့ပေါ့ဗျာ။

Credit Original writer

Be the first to comment

Leave a Reply

Your email address will not be published.


*