တစ်ခါကရွာတစ်ရွာတွင် ယာယာဟုခေါ်သော သူကြီးသမီး ရုပ်ဆိုးဆိုး အပျိုကြီးတစ်ယောက်ရှိသည်…

တစ်ခါကရွာတစ်ရွာတွင် ယာယာဟုခေါ်သော သူကြီးသမီး ရုပ်ဆိုးဆိုး အပျိုကြီးတစ်ယောက်ရှိသည်..။ ယောကျာၤးလိုချင်နေတာ လက်လက် ထနေ၏..။

ခက်သည်က ရွာက ကာလသားအားလုံး လက်ရှောင်နေကြ၍ ဘယ်သူကိုမှမချိတ်နိုင် ဖြစ်နေသည်..။

တစ်နေ့တစ်နေ့ အိမ်ပြူတင်းပေါက်မှ ငေးမျှော်နေရတာ အပျိုကြီး ယာယာအဖို့ စိတ်ညစ်စရာကြီး ဖြစ်နေပြီ…။

အိမ်ပြူတင်းပေါက်မှ လူလုံးပြသော်လည်း စဉ့်အိုးကြီး ပိတ်နေသလိုဖြစ်နေသော သူ့ခန္ဓာကိုယ်ကြီးကြောင့် ဘယ်သူမှစိတ်မဝင်စားကြ…။

ရွာထုံးစံ ရွာဦးဘုန်းကြီးကျောင်းရှိသည်..။ ဆရာတော်ကြီးက သူကြီးအပါအဝင် အားလုံးပေါ် သြဇာရှိ၏…။

ဆရာတော်ကြီးတွင် သာအိ ဆိုသည့် ကျပ်မပြည့်သော တူ တစ်ယောက်ရှိသည်…။

လူပျိုပေါက်ဖြစ် ကြီးကောင် ဝင်နေသော်လည်း ကလေးစိတ်သာ ရှိသေး၍ သုံးစားမရ ဖြစ်နေသည်..။

တစ်နေ့တစ်နေ့ ရွာရိုးကိုးပေါက် ဂွေလှိမ့်၊ ဂေါ်လီရိုက် ကစားလိုက် ကျောင်းပြန် စားလိုက်၊ အိပ်လိုက်ပဲလုပ်တတ်သည်..။

တစ်နေ့ သာအိ ပုဆိုးကွင်းသိုင်း ဂွေလှိမ့်ရင်း သူကြီးသမီး အိမ်ပြူတင်းပေါက် ရှေ့ မှဖြတ်သွားမိသည်…။

ပြူတင်းပေါက်မှ လင်လောင်းမျှော်နေသော သူကြီးသမီး တွေ့သွားသည်…။

ယခင်က အရူးအပေါ သတ်မှတ်ပြီး စာရင်းမသွင်းထားခဲ့သော ဘုန်းကြီးတူ သာအိကို အရွယ်ရောက်နေမှန်း သိသွားခဲ့ပြီ…။

ကလေးစိတ် မကုန်သေးသော သာအိကလဲ ပုဆိုးကိုကွင်းသိုင်းပြီး ဖွားဖက်တော်ပေါ်သည်ကို ရှက်ရကောင်းမှန်းမသိခဲ့ သည်ကိုး…။

သူကြီးသမီး ဖိုးသိုးဖတ်သတ် ဖြစ်ပြီး ကျန်ခဲ့သည်…။ ထိုနေ့ တစ်ညလုံး အိပ်မပျော်တော့ ဟိုလှိမ့်ဒီလှိမ့် နှင့်မိုးလင်းခဲ့ရသည်…။

နောက်နေ့တွေလဲ ပြူတင်းပေါက်က သာအိကို ထွက်မျှော်သည်..။

မတွေ့ရတော့ပိုဆိုးလာသည်..။ ညစဉ် အိပ်ပျက်လာသည်..။ အိပ်ပျော်သွားတဲ့ အချိန်လေးမှာတောင် သာအိနဲ့

အိပ်မက်ထဲမှာ ချစ်ဗျူဟာခင်းသည်ချည်းပဲ မက်နေတော့၏..။ ခက်ပြီ…။

ကြာတော့ ချောင်ကျလာသော သမီးမျက်နှာကိုကြည့်ပြီး သူကြီးကတော် ဒေါ်ဖွ မေးရပြီ…။ “ငါ့သမီး အခုတလော ကောင်းကောင်းလဲ

မစားဘူး၊ ညည လဲ တချွတ်ချွတ်နဲ့ မအိပ်ဖူး ဘာဖြစ်နေသလဲသမီး အမေ့ကိုပြောစမ်း”…။

ယာယာ ငိုရပြီ။ နောက်ဆုံး ကြိုက်မရှက် ၊ ပြောလိုက်ရပြီ…။ “အောင်မလေး ဒါများသမီးရယ် ညည်းနှယ်

ကြိတ်ခံလို့အေ စောစောကပြောရောပေါ့ သမီးရယ်…။ ရွာဦးဘုန်းကြီးကို ညည်း အဖေ လျှောက်ခိုင်းမှာပေါ့”…။

ယာယာ ဝမ်းသာရပြီ…။ တကယ်လားအမေ အမေတကယ်တောင်းပေးမှာလား…။ ဒေါ်ဖွ သမီးလေးတစ်ယောက်တည်းရှိတာ

စိတ်ချမ်းသာအောင် ကတိပေးလိုက်၏..။ ရွာဦးကျောင်းဆရာတော် ….. ဒကာကြီး မဖြစ်ဘူးထင်တယ်နော်…။

ဒီကောင် သာအိက ကလေးစိတ်ပဲရှိသေးတာ အိမ်ထောင်ရေးဘယ်လိုမှ မသိသေးဘူး ဒကာကြီး..။သူကြီး ……

အို ဆရာတော်ကလည်း အိမ်ထောင်ရေးဆိုတာ သူ့ဘာသာသိသွားမှာပါ..။ သူတို့ချင်း ပေးစားလိုက်ဖို့သာ ဆရာတော်သဘောတူပေးပါ။

ဒီကောင်မကလည်း ဘုန်းကြီးတူကိုမှ ဘာကြည့်ပြီးကြိုက်လဲမသိပါ ဘုရား။ သာအိ မှ သာအိ ဖြစ်နေတော့တာ မအိပ်နိုင်၊ မစားနိုင်မို့ တပည့်တော်လည်း

ရှေ့မျက်နှာ နောက်ထားလျှောက်ရတာပါ ဘုရား…။

ရွာဦးကျောင်းဆရာတော် …….. အေးလေ ဒါဆိုလည်း ပေးစားရတာပေါ့…။ ဒီလိုနဲ့ဘုန်းကြီးနဲ့ သူကြီးအပေးအယူတည့်ပြီး သဘောတူလိုက်ကြ၏…။

ရွာမှာ မင်္ဂလာပွဲကြီး ခြိမ့်ခြိမ့်သဲကျင်းပလိုက်ကြသည်..။

သို့သော်…သို့သော် သူကြီးသမီးယာယာတစ်ယောက် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား အဖြစ်ကြုံနေရပြီ..။ လိုချင်သည့် ယောကျာၤးတစ်ယောက် အဖေ့ကျေးဇူးကြောင့် ရခဲ့ပြီ..။

သို့သော်…သို့သော် မင်္ဂလာဦးညမှ တစ်ပတ်တိုင်လာခဲ့ပြီ။ သာအိက နေ့ဖက်ဆော့တုန်း ညည တရှုးရှုးနဲ့ ထိုးအိပ်တာကလွဲပြီး မိန်းမကိုလှည့်ကြည့်ကောင်းရမှန်းမသိ…။ ဒီကိစ္စ ထုံးစံအတိုင်း သမီးမှအမေ၊ အမေမှသူကြီး ဆီရောက်သွားသည်…။

သမီးကိုယ်တိုင်က မမြူဆွယ်နိုင်တဲ့ကိစ္စ ယောက္ခမတွေက သမက်ကိုသင်ရမတဲ့လား…။နောက်ဆုံး ဆရာတော်ဆီပဲ ရောက်သွားသည်..။ ဆရာတော်ကလည်း ဘုန်းကြီးဒီကိစ္စတွေ မှာ ဝင်မပါချင်..။ သူကြီးကိုပဲ ဖိမာန်တော့သည်…။

သူကြီးကလည်းမျက်နှာငယ်လေးနှင့်…။ ကဲကဲ ဘုန်းကြီးပဲ ဝိနည်းလွတ်ကြည့်ပြောပါမယ်ပေါ့…။ ဒကာကြီး ခဏရှောင်နေ..။ဟဲ့ သာအိ…။ ဘုရား…။ နင်မိန်းမရတာ ဘာလုပ်ဖို့လဲသိလား…။ မသိပါဘုရား…။

ဟာ ဒီကောင် .. မိန်းမတွေမှာ ကောင်းတာတစ်ခုရှိတယ်ဟဲ့ သာအိရဲ့…။ ဘာများလဲ ဘုရား…။ အေး ငါပြောလိုက်မယ်…။ ညကျရင် သူ့ကိုမေး ယာယာ နင်တို့မိန်းမတွေမှာ ကောင်းကွက်ဘာရှိလဲမေးရင် သူပြတာလုပ်လိုက်လဟဲ့…။

တင္ပါ့ ဘုရား…။ မှတ်ထားနော် ငါပြောတာ ညကျ မေးဖို့မမေ့နဲ့…။ တင္ပါ့ဘုရား…။ကဲ ဒကာကြီးရေ သွားကြတော့ ဘုန်းကြီးတော့မှာလိုက်ပြီ…။ သွားကြတော့ ဒီကောင် ဒီလောက်တော့ ဒုံးဝေးမှာ မဟုတ်ပါဘူး…။

သူကြီးတို့ အိမ်ပြန်ရောက်တော့မျှော်နေတဲ့သားအမိကို လက်မလေးထောင်ပြလိုက်တာပေါ့…။ ယာယာ တစ်ယောက်ဝမ်းသာလုံးဆို့ပြီး ညကျ သူ့လင်တော်မောင်စားဖို့ ကောက်ညှင်းပေါင်း ပူပူ၊ အားရှိအောင်သောက်ဖို့ နွားနို့ပူပူလေး စီမံမယ်ပေါ့…။

သာအိကလည်း အစားသောင်းကျန်းတော့ ခါတိုင်းနဲ့မတူ ကောက်ညှင်းပေါင်းနဲ့ နွားနို့နဲ့ ဒီညတော့ စားရချည်သေးရဲ့ပေါ့…။ ဒီညတော့ သာအိ အိပ်ယာထဲက မအိပ်ပဲစောင့်နေတယ်။ သူ့မယားကလဲ မီးဖိုထဲကောက်ညှင်းပေါင်းသွားခပ်နေ..။

ခဏနေ မယားရောက်လာတော့ စားဖို့ပြင်တဲ့သာအိကို ”ဟိုး..ဟိုးဆရာ စားဖို့ခဏနေဦး၊ ဆရာတော်ဘာမှာလိုက်လဲပြောဦးလေ”ဆိုပြီးသတိပေးတော့မှ ဘသားချောက ..

အေး ဆရာတော်က မေးခိုင်းတယ်ဟ၊ နင်တို့မိန်းမတွေမှာ ကောင်းကွက်တစ်ခုရှိတယ်တဲ့ အဲ့ဒါဘာလဲငါ့ကို ပြစမ်းဟာ…။

ယာယာ ဝမ်းသာအားရပြတော့တာပေါ့…။ ဒါပဲရှင် ကျွန်မတို့ကောင်းကွက်က…။ ဟေ တကယ်ကောင်းတာလားဟ…။ အဟုတ်ပဲရှင်…။ စားဖို့လောက်သာသိတဲ့ သာအိ ကောက်ညှင်းပေါင်းပူပူကိုယူထည့်ပြီး

သူ့မယားကောင်းကွက်နဲ့ တို့စားလိုက်တာ ယာယာတစ်ယောက် အမလေး တပြီး ကောင်းကွက်အပူလောင် ဗြောင်းဆန်လို့ တစ်အိမ်လုံးနိုးကုန်ကြပါရောလား…။

သူကြီးအကြောင်းစုံသိတော့ပေါက်ကွဲပြီး နှလုံးပြူးဆွဲ သမက်ကိုပစ်မယ်တကဲကဲလုပ်နေလို့ မနည်းဝိုင်းဆွဲရပါသတဲ့…။ နောက်နေ့မနက် သူကြီးဒေါကန်ပြီး သမက်ပါခေါ် ဆရာတော်ဆီလျှောက်ပြန်တာပေါ့…။ ဆရာတော်ဘုရား ရှင်းရှင်းသာ သင်ပေးလိုက်ပါတော့ ဘုရား…။

တပည့်တော် ဟိုလင်တရူးမကြောင့်ရှက်လွန်းလို့ ဒီကောင့်ကိုသင်ဖို့ရာ ဘယ်လိုမှပြောမထွက်လို့ပါ ဘုရား…။ကဲကဲ မင်းတို့အမှု ဘုန်းကြီးတော့ ပတ်ပြီ၊ ကဲ မထူးပါဘူး ဟေ့ကောင်သာအိ ဒီလိုဒီလိုရှိတယ်လို့ နှစ်ကိုယ်ကြားတီးတိုးတီးတိုး သင်ပေးလိုက်ရတာပေါ့…။

အေး ဒါပေမယ့်ငါ့ကောင် အချိန်မရွေးတော့မလုပ်လေနဲ့၊ ရွာဦးကျောင်းကအုန်းမောင်းသံ ကြားမှ (ည ၁၀နာရီခွဲခန့် လူခြေတိတ်ချိန်ကိုဆိုလိုသည်) လုပ်ပေတော့…။မင်းကြောင့် ငါလဲအာပါတ်သင့်ရပြီ..။ ဒါနောက်ဆုံးပဲ ဒကာကြီး၊ နောက်ဒီကိစ္စနဲ့ ငါ့ဆီထပ်မလာနဲ့တော့ကြားလာ…။

သူကြီးမင်းလည်း ဒီတစ်ခါတော့ မလွဲနိုင်တော့ဘူးထင်ရဲ့ဆိုပြီး သမက်ကိုခေါ် ပြန်ခဲ့တာပေါ့…။ အိမ်ရောက်တော့ သူကြီးကထုံးစံအတိုင်း လက်မထောင်ပြပြန်ရော..။ ဒီတစ်ခါတော့ အပူလောင်မှာကြောက်တဲ့ ယာယာ ကောက်ညှင်းပေါင်းတို့ နွားနို့တို့ မလုပ်ရဲတော့ဘူးပေါ့…။

ညရောက်တော့ ဘသားချောက မအိပ်ဘူး…။ တစ်ခုခုကို စောင့်နေတဲ့ပုံ ဂနာတော့ မငြိမ်ဘူး…။ ရွာဦးကျောင်းက ညဝတ်တက်ဖို့ အုန်းမောင်းသံ တတုံတုံကြားမှ ထလာပြီး မိန်းမရေ မင်းဟိုတစ်ခါပြတဲ့ကောင်းကွက် ပြန်ပြပါအုံးဆိုပြီး …..

” အပေါက်အလန်းတည့်တည့်“မှန်မှန်ကန်ကန် တစ်ညလုံး ကလောဟိလိုက်တာ မိုးလင်းခါနီး လင်းကြက်တွန်မှအိပ်ကြသတဲ့…။ သာအိက တောက်!!! စောစောက မသိခဲ့တာ နာသကွာ ဆရာတော်ပြောတဲ့ ကောင်းကွက် ကောင်းချက်တော့လက်ကုန်ပဲဟေ့ မိန်းမရေ ဆိုပဲ..။ (ကောင်းမှန်းသိ သာအိတစိုစို ဆိုတာ ဒီကစတာဖြစ်မယ်)

အကျေနပ်ကြီး ကျေနပ်နေတဲ့ ယာယာတစ်ယောက် အိပ်ရေးပျက်ပေမယ့် မနက်စောစောထ ဈေးသွားပြီး ချစ်လင် သာအိစားဖို့ ဖွယ်ဖွယ်ရာရာလေးတွေဝယ်ပြီး သူ့အမေဒေါ်ဖွနဲ့ နှစ်ယောက်တူ ချက်ကြ၊ ပြုတ်ကြပေါ့…။ သီချင်းလေးတောင် ညည်းလိုက်သေး…

”သူ့အတွက်ဆို အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် ချစ်တလင်းခေါ်မယ်၊ ချစ်ဗြူဟာခင်းတဲ့တူမောင်မယ်”အမေ မျက်စောင်းထိုးမှရပ်တော့တယ်..။မနက်စာစားဖို့ ပြင်ပြီးလောက်တော့မှ ဘသားချော နိုးလာတယ်..။

ညကကောင်းကွက်ကို မဝနိုင်သေးဘူး..။ ဆရာတော်မှာထားတဲ့ အုန်းမောင်းသံကိုသာ နားစွင့်နေတယ်..။ ရွာဓလေ့ထမင်းကို ၁၀ နာရီဝန်းကျင်လောက် မနက်စာစားနေကြတာပေါ့…။ သံဃာတွေဆွမ်းစားဖို့ ၁၀ နာရီခွဲ ရွာဦးကျောင်းက အုန်းမောင်းသံလည်းကြားရော ထမင်းစားလက်စ ကဗျာကယာလက်ဆေးပြီး မိန်းမလက်ဆွဲ အိပ်ခန်းထဲဒရွတ်ဆွဲ ခေါ်တော့တာပဲဗျို့…။

ပါးစပ်ကလဲ အုန်းမောင်းခေါက်နေပြီ…။ အုန်းမောင်းခေါက်နေပြီ…။ ဆိုပြီးအော်လို့ သူကြီးကတော်က ကြောင်လို့၊ သူကြီးက သူ့နှစ်လုံးပြူးနဲ့ လိုက်ပစ်ချင်နေတဲ့စိတ်ကိုချိုးနှိမ်ပြီး ထမင်းဝိုင်းကထ အိမ်ဝိုင်းပြင်ဘက် ထွက်ပြေးခဲ့ရပါရောလား…။

ကျောင်းသားဘဝ RC 1 Canteen မှာ ကိုညီ(လူရွှင်တော် ညောင်ညောင်) ကိုကျော်ဝင်းရဲ့လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ပြောပြသည့် ပုံပြင်လေး ဖြစ်ပါသည် ခင်ဗျား…။ ဇီးကွက်ကြီး (Scuba Som) Credit to Original Writer

zawgayi,

တစ္ခါက႐ြာတစ္႐ြာတြင္ ယာယာဟုေခၚေသာ သူႀကီးသမီး ႐ုပ္ဆိုးဆိုး အပ်ိဳႀကီးတစ္ေယာက္ရွိသည္..။ ေယာက်ာၤးလိုခ်င္ေနတာ လက္လက္ ထေန၏..။

ခက္သည္က ႐ြာက ကာလသားအားလုံး လက္ေရွာင္ေနၾက၍ ဘယ္သူကိုမွမခ်ိတ္ႏိုင္ ျဖစ္ေနသည္..။

တစ္ေန႔တစ္ေန႔ အိမ္ျပဴတင္းေပါက္မွ ေငးေမွ်ာ္ေနရတာ အပ်ိဳႀကီး ယာယာအဖို႔ စိတ္ညစ္စရာႀကီး ျဖစ္ေနၿပီ…။

အိမ္ျပဴတင္းေပါက္မွ လူလုံးျပေသာ္လည္း စဥ့္အိုးႀကီး ပိတ္ေနသလိုျဖစ္ေနေသာ သူ႔ခႏၶာကိုယ္ႀကီးေၾကာင့္ ဘယ္သူမွစိတ္မဝင္စားၾက…။

႐ြာထုံးစံ ႐ြာဦးဘုန္းႀကီးေက်ာင္းရွိသည္..။ ဆရာေတာ္ႀကီးက သူႀကီးအပါအဝင္ အားလုံးေပၚ ၾသဇာရွိ၏…။

ဆရာေတာ္ႀကီးတြင္ သာအိ ဆိုသည့္ က်ပ္မျပည့္ေသာ တူ တစ္ေယာက္ရွိသည္…။

လူပ်ိဳေပါက္ျဖစ္ ႀကီးေကာင္ ဝင္ေနေသာ္လည္း ကေလးစိတ္သာ ရွိေသး၍ သုံးစားမရ ျဖစ္ေနသည္..။

တစ္ေန႔တစ္ေန႔ ႐ြာ႐ိုးကိုးေပါက္ ေဂြလွိမ့္၊ ေဂၚလီ႐ိုက္ ကစားလိုက္ ေက်ာင္းျပန္ စားလိုက္၊ အိပ္လိုက္ပဲလုပ္တတ္သည္..။

တစ္ေန႔ သာအိ ပုဆိုးကြင္းသိုင္း ေဂြလွိမ့္ရင္း သူႀကီးသမီး အိမ္ျပဴတင္းေပါက္ ေရွ႕ မွျဖတ္သြားမိသည္…။

ျပဴတင္းေပါက္မွ လင္ေလာင္းေမွ်ာ္ေနေသာ သူႀကီးသမီး ေတြ႕သြားသည္…။

ယခင္က အ႐ူးအေပါ သတ္မွတ္ၿပီး စာရင္းမသြင္းထားခဲ့ေသာ ဘုန္းႀကီးတူ သာအိကို အ႐ြယ္ေရာက္ေနမွန္း သိသြားခဲ့ၿပီ…။

ကေလးစိတ္ မကုန္ေသးေသာ သာအိကလဲ ပုဆိုးကိုကြင္းသိုင္းၿပီး ဖြားဖက္ေတာ္ေပၚသည္ကို ရွက္ရေကာင္းမွန္းမသိခဲ့ သည္ကိုး…။

သူႀကီးသမီး ဖိုးသိုးဖတ္သတ္ ျဖစ္ၿပီး က်န္ခဲ့သည္…။ ထိုေန႔ တစ္ညလုံး အိပ္မေပ်ာ္ေတာ့ ဟိုလွိမ့္ဒီလွိမ့္ ႏွင့္မိုးလင္းခဲ့ရသည္…။

ေနာက္ေန႔ေတြလဲ ျပဴတင္းေပါက္က သာအိကို ထြက္ေမွ်ာ္သည္..။

မေတြ႕ရေတာ့ပိုဆိုးလာသည္..။ ညစဥ္ အိပ္ပ်က္လာသည္..။ အိပ္ေပ်ာ္သြားတဲ့ အခ်ိန္ေလးမွာေတာင္ သာအိနဲ႔

အိပ္မက္ထဲမွာ ခ်စ္ဗ်ဴဟာခင္းသည္ခ်ည္းပဲ မက္ေနေတာ့၏..။ ခက္ၿပီ…။

ၾကာေတာ့ ေခ်ာင္က်လာေသာ သမီးမ်က္ႏွာကိုၾကည့္ၿပီး သူႀကီးကေတာ္ ေဒၚဖြ ေမးရၿပီ…။ “ငါ့သမီး အခုတေလာ ေကာင္းေကာင္းလဲ

မစားဘူး၊ ညည လဲ တခြၽတ္ခြၽတ္နဲ႔ မအိပ္ဖူး ဘာျဖစ္ေနသလဲသမီး အေမ့ကိုေျပာစမ္း”…။

ယာယာ ငိုရၿပီ။ ေနာက္ဆုံး ႀကိဳက္မရွက္ ၊ ေျပာလိုက္ရၿပီ…။ “ေအာင္မေလး ဒါမ်ားသမီးရယ္ ညည္းႏွယ္

ႀကိတ္ခံလို႔ေအ ေစာေစာကေျပာေရာေပါ့ သမီးရယ္…။ ႐ြာဦးဘုန္းႀကီးကို ညည္း အေဖ ေလွ်ာက္ခိုင္းမွာေပါ့”…။

ယာယာ ဝမ္းသာရၿပီ…။ တကယ္လားအေမ အေမတကယ္ေတာင္းေပးမွာလား…။ ေဒၚဖြ သမီးေလးတစ္ေယာက္တည္းရွိတာ

စိတ္ခ်မ္းသာေအာင္ ကတိေပးလိုက္၏..။ ႐ြာဦးေက်ာင္းဆရာေတာ္ ….. ဒကာႀကီး မျဖစ္ဘူးထင္တယ္ေနာ္…။

ဒီေကာင္ သာအိက ကေလးစိတ္ပဲရွိေသးတာ အိမ္ေထာင္ေရးဘယ္လိုမွ မသိေသးဘူး ဒကာႀကီး..။သူႀကီး ……

အို ဆရာေတာ္ကလည္း အိမ္ေထာင္ေရးဆိုတာ သူ႔ဘာသာသိသြားမွာပါ..။ သူတို႔ခ်င္း ေပးစားလိုက္ဖို႔သာ ဆရာေတာ္သေဘာတူေပးပါ။

ဒီေကာင္မကလည္း ဘုန္းႀကီးတူကိုမွ ဘာၾကည့္ၿပီးႀကိဳက္လဲမသိပါ ဘုရား။ သာအိ မွ သာအိ ျဖစ္ေနေတာ့တာ မအိပ္ႏိုင္၊ မစားႏိုင္မို႔ တပည့္ေတာ္လည္း

ေရွ႕မ်က္ႏွာ ေနာက္ထားေလွ်ာက္ရတာပါ ဘုရား…။

႐ြာဦးေက်ာင္းဆရာေတာ္ …….. ေအးေလ ဒါဆိုလည္း ေပးစားရတာေပါ့…။ ဒီလိုနဲ႔ဘုန္းႀကီးနဲ႔ သူႀကီးအေပးအယူတည့္ၿပီး သေဘာတူလိုက္ၾက၏…။

႐ြာမွာ မဂၤလာပြဲႀကီး ၿခိမ့္ၿခိမ့္သဲက်င္းပလိုက္ၾကသည္..။

သို႔ေသာ္…သို႔ေသာ္ သူႀကီးသမီးယာယာတစ္ေယာက္ ဝမ္းသာရမွာလား၊ ဝမ္းနည္းရမွာလား အျဖစ္ႀကဳံေနရၿပီ..။ လိုခ်င္သည့္ ေယာက်ာၤးတစ္ေယာက္ အေဖ့ေက်းဇူးေၾကာင့္ ရခဲ့ၿပီ..။

သို႔ေသာ္…သို႔ေသာ္ မဂၤလာဦးညမွ တစ္ပတ္တိုင္လာခဲ့ၿပီ။ သာအိက ေန႔ဖက္ေဆာ့တုန္း ညည တရႈးရႈးနဲ႔ ထိုးအိပ္တာကလြဲၿပီး မိန္းမကိုလွည့္ၾကည့္ေကာင္းရမွန္းမသိ…။ ဒီကိစၥ ထုံးစံအတိုင္း သမီးမွအေမ၊ အေမမွသူႀကီး ဆီေရာက္သြားသည္…။

သမီးကိုယ္တိုင္က မျမဴဆြယ္ႏိုင္တဲ့ကိစၥ ေယာကၡမေတြက သမက္ကိုသင္ရမတဲ့လား…။ေနာက္ဆုံး ဆရာေတာ္ဆီပဲ ေရာက္သြားသည္..။ ဆရာေတာ္ကလည္း ဘုန္းႀကီးဒီကိစၥေတြ မွာ ဝင္မပါခ်င္..။ သူႀကီးကိုပဲ ဖိမာန္ေတာ့သည္…။

သူႀကီးကလည္းမ်က္ႏွာငယ္ေလးႏွင့္…။ ကဲကဲ ဘုန္းႀကီးပဲ ဝိနည္းလြတ္ၾကည့္ေျပာပါမယ္ေပါ့…။ ဒကာႀကီး ခဏေရွာင္ေန..။ဟဲ့ သာအိ…။ ဘုရား…။ နင္မိန္းမရတာ ဘာလုပ္ဖို႔လဲသိလား…။ မသိပါဘုရား…။

ဟာ ဒီေကာင္ .. မိန္းမေတြမွာ ေကာင္းတာတစ္ခုရွိတယ္ဟဲ့ သာအိရဲ႕…။ ဘာမ်ားလဲ ဘုရား…။ ေအး ငါေျပာလိုက္မယ္…။ ညက်ရင္ သူ႔ကိုေမး ယာယာ နင္တို႔မိန္းမေတြမွာ ေကာင္းကြက္ဘာရွိလဲေမးရင္ သူျပတာလုပ္လိုက္လဟဲ့…။

တငၸါ့ ဘုရား…။ မွတ္ထားေနာ္ ငါေျပာတာ ညက် ေမးဖို႔မေမ့နဲ႔…။ တငၸါ့ဘုရား…။ကဲ ဒကာႀကီးေရ သြားၾကေတာ့ ဘုန္းႀကီးေတာ့မွာလိုက္ၿပီ…။ သြားၾကေတာ့ ဒီေကာင္ ဒီေလာက္ေတာ့ ဒုံးေဝးမွာ မဟုတ္ပါဘူး…။

သူႀကီးတို႔ အိမ္ျပန္ေရာက္ေတာ့ေမွ်ာ္ေနတဲ့သားအမိကို လက္မေလးေထာင္ျပလိုက္တာေပါ့…။ ယာယာ တစ္ေယာက္ဝမ္းသာလုံးဆို႔ၿပီး ညက် သူ႔လင္ေတာ္ေမာင္စားဖို႔ ေကာက္ညႇင္းေပါင္း ပူပူ၊ အားရွိေအာင္ေသာက္ဖို႔ ႏြားႏို႔ပူပူေလး စီမံမယ္ေပါ့…။

သာအိကလည္း အစားေသာင္းက်န္းေတာ့ ခါတိုင္းနဲ႔မတူ ေကာက္ညႇင္းေပါင္းနဲ႔ ႏြားႏို႔နဲ႔ ဒီညေတာ့ စားရခ်ည္ေသးရဲ႕ေပါ့…။ ဒီညေတာ့ သာအိ အိပ္ယာထဲက မအိပ္ပဲေစာင့္ေနတယ္။ သူ႔မယားကလဲ မီးဖိုထဲေကာက္ညႇင္းေပါင္းသြားခပ္ေန..။

ခဏေန မယားေရာက္လာေတာ့ စားဖို႔ျပင္တဲ့သာအိကို ”ဟိုး..ဟိုးဆရာ စားဖို႔ခဏေနဦး၊ ဆရာေတာ္ဘာမွာလိုက္လဲေျပာဦးေလ”ဆိုၿပီးသတိေပးေတာ့မွ ဘသားေခ်ာက ..

ေအး ဆရာေတာ္က ေမးခိုင္းတယ္ဟ၊ နင္တို႔မိန္းမေတြမွာ ေကာင္းကြက္တစ္ခုရွိတယ္တဲ့ အဲ့ဒါဘာလဲငါ့ကို ျပစမ္းဟာ…။

ယာယာ ဝမ္းသာအားရျပေတာ့တာေပါ့…။ ဒါပဲရွင္ ကြၽန္မတို႔ေကာင္းကြက္က…။ ေဟ တကယ္ေကာင္းတာလားဟ…။ အဟုတ္ပဲရွင္…။ စားဖို႔ေလာက္သာသိတဲ့ သာအိ ေကာက္ညႇင္းေပါင္းပူပူကိုယူထည့္ၿပီး

သူ႔မယားေကာင္းကြက္နဲ႔ တို႔စားလိုက္တာ ယာယာတစ္ေယာက္ အမေလး တၿပီး ေကာင္းကြက္အပူေလာင္ ေျဗာင္းဆန္လို႔ တစ္အိမ္လုံးႏိုးကုန္ၾကပါေရာလား…။

သူႀကီးအေၾကာင္းစုံသိေတာ့ေပါက္ကြဲၿပီး ႏွလုံးျပဴးဆြဲ သမက္ကိုပစ္မယ္တကဲကဲလုပ္ေနလို႔ မနည္းဝိုင္းဆြဲရပါသတဲ့…။ ေနာက္ေန႔မနက္ သူႀကီးေဒါကန္ၿပီး သမက္ပါေခၚ ဆရာေတာ္ဆီေလွ်ာက္ျပန္တာေပါ့…။ ဆရာေတာ္ဘုရား ရွင္းရွင္းသာ သင္ေပးလိုက္ပါေတာ့ ဘုရား…။

တပည့္ေတာ္ ဟိုလင္တ႐ူးမေၾကာင့္ရွက္လြန္းလို႔ ဒီေကာင့္ကိုသင္ဖို႔ရာ ဘယ္လိုမွေျပာမထြက္လို႔ပါ ဘုရား…။ကဲကဲ မင္းတို႔အမႈ ဘုန္းႀကီးေတာ့ ပတ္ၿပီ၊ ကဲ မထူးပါဘူး ေဟ့ေကာင္သာအိ ဒီလိုဒီလိုရွိတယ္လို႔ ႏွစ္ကိုယ္ၾကားတီးတိုးတီးတိုး သင္ေပးလိုက္ရတာေပါ့…။

ေအး ဒါေပမယ့္ငါ့ေကာင္ အခ်ိန္မေ႐ြးေတာ့မလုပ္ေလနဲ႔၊ ႐ြာဦးေက်ာင္းကအုန္းေမာင္းသံ ၾကားမွ (ည ၁၀နာရီခြဲခန႔္ လူေျခတိတ္ခ်ိန္ကိုဆိုလိုသည္) လုပ္ေပေတာ့…။မင္းေၾကာင့္ ငါလဲအာပါတ္သင့္ရၿပီ..။ ဒါေနာက္ဆုံးပဲ ဒကာႀကီး၊ ေနာက္ဒီကိစၥနဲ႔ ငါ့ဆီထပ္မလာနဲ႔ေတာ့ၾကားလာ…။

သူႀကီးမင္းလည္း ဒီတစ္ခါေတာ့ မလြဲႏိုင္ေတာ့ဘူးထင္ရဲ႕ဆိုၿပီး သမက္ကိုေခၚ ျပန္ခဲ့တာေပါ့…။ အိမ္ေရာက္ေတာ့ သူႀကီးကထုံးစံအတိုင္း လက္မေထာင္ျပျပန္ေရာ..။ ဒီတစ္ခါေတာ့ အပူေလာင္မွာေၾကာက္တဲ့ ယာယာ ေကာက္ညႇင္းေပါင္းတို႔ ႏြားႏို႔တို႔ မလုပ္ရဲေတာ့ဘူးေပါ့…။

ညေရာက္ေတာ့ ဘသားေခ်ာက မအိပ္ဘူး…။ တစ္ခုခုကို ေစာင့္ေနတဲ့ပုံ ဂနာေတာ့ မၿငိမ္ဘူး…။ ႐ြာဦးေက်ာင္းက ညဝတ္တက္ဖို႔ အုန္းေမာင္းသံ တတုံတုံၾကားမွ ထလာၿပီး မိန္းမေရ မင္းဟိုတစ္ခါျပတဲ့ေကာင္းကြက္ ျပန္ျပပါအုံးဆိုၿပီး …..

” အေပါက္အလန္းတည့္တည့္“မွန္မွန္ကန္ကန္ တစ္ညလုံး ကေလာဟိလိုက္တာ မိုးလင္းခါနီး လင္းၾကက္တြန္မွအိပ္ၾကသတဲ့…။ သာအိက ေတာက္!!! ေစာေစာက မသိခဲ့တာ နာသကြာ ဆရာေတာ္ေျပာတဲ့ ေကာင္းကြက္ ေကာင္းခ်က္ေတာ့လက္ကုန္ပဲေဟ့ မိန္းမေရ ဆိုပဲ..။ (ေကာင္းမွန္းသိ သာအိတစိုစို ဆိုတာ ဒီကစတာျဖစ္မယ္)

အေက်နပ္ႀကီး ေက်နပ္ေနတဲ့ ယာယာတစ္ေယာက္ အိပ္ေရးပ်က္ေပမယ့္ မနက္ေစာေစာထ ေဈးသြားၿပီး ခ်စ္လင္ သာအိစားဖို႔ ဖြယ္ဖြယ္ရာရာေလးေတြဝယ္ၿပီး သူ႔အေမေဒၚဖြနဲ႔ ႏွစ္ေယာက္တူ ခ်က္ၾက၊ ျပဳတ္ၾကေပါ့…။ သီခ်င္းေလးေတာင္ ညည္းလိုက္ေသး…

”သူ႔အတြက္ဆို အၿပဳံးမပ်က္ေပါင္ စိတ္လက္ရွည္ရွည္၊ အိစက္ညက္ေညာတဲ့ ဖဲေမြ႕ယာေပၚဝယ္ ခ်စ္တလင္းေခၚမယ္၊ ခ်စ္ျဗဴဟာခင္းတဲ့တူေမာင္မယ္”အေမ မ်က္ေစာင္းထိုးမွရပ္ေတာ့တယ္..။မနက္စာစားဖို႔ ျပင္ၿပီးေလာက္ေတာ့မွ ဘသားေခ်ာ ႏိုးလာတယ္..။

ညကေကာင္းကြက္ကို မဝႏိုင္ေသးဘူး..။ ဆရာေတာ္မွာထားတဲ့ အုန္းေမာင္းသံကိုသာ နားစြင့္ေနတယ္..။ ႐ြာဓေလ့ထမင္းကို ၁၀ နာရီဝန္းက်င္ေလာက္ မနက္စာစားေနၾကတာေပါ့…။ သံဃာေတြဆြမ္းစားဖို႔ ၁၀ နာရီခြဲ ႐ြာဦးေက်ာင္းက အုန္းေမာင္းသံလည္းၾကားေရာ ထမင္းစားလက္စ ကဗ်ာကယာလက္ေဆးၿပီး မိန္းမလက္ဆြဲ အိပ္ခန္းထဲဒ႐ြတ္ဆြဲ ေခၚေတာ့တာပဲဗ်ိဳ႕…။

ပါးစပ္ကလဲ အုန္းေမာင္းေခါက္ေနၿပီ…။ အုန္းေမာင္းေခါက္ေနၿပီ…။ ဆိုၿပီးေအာ္လို႔ သူႀကီးကေတာ္က ေၾကာင္လို႔၊ သူႀကီးက သူ႔ႏွစ္လုံးျပဴးနဲ႔ လိုက္ပစ္ခ်င္ေနတဲ့စိတ္ကိုခ်ိဳးႏွိမ္ၿပီး ထမင္းဝိုင္းကထ အိမ္ဝိုင္းျပင္ဘက္ ထြက္ေျပးခဲ့ရပါေရာလား…။

ေက်ာင္းသားဘဝ RC 1 Canteen မွာ ကိုညီ(လူ႐ႊင္ေတာ္ ေညာင္ေညာင္) ကိုေက်ာ္ဝင္းရဲ႕လၻက္ရည္ဆိုင္မွာ သူငယ္ခ်င္းေတြကို ေျပာျပသည့္ ပုံျပင္ေလး ျဖစ္ပါသည္ ခင္ဗ်ား…။ ဇီးကြက္ႀကီး (Scuba Som) Credit to Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*