
လူထုဒေါ်အမာ ၏  သဘောကျသော အမှာစကားမိန်းမဆိုတာထမင်းဟင်း ချက်တတ်ရမယ်။ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။

ယောင်္ကျားနဲ့ ကလေးတွေကိုချက်ကျွေးဖို့ မဟုတ်ဘူး။လူတစ်ယောက်အနေနဲ့ လောကမှာအသက်ရှင် နေထိုင်ဖို့တစ်ယောက်တည်း နေလည်း လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ

မိန်းမဆိုတာ …ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထား တတ်ရမယ်။လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့ကိုယ့် ယုံကြည်ချက် ရှိရှိဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ

မိန်းမဆိုတာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု တတ်ကို တတ်ထားရမယ်

လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။မည်သူ တစ်ဦးတစ်ယောက်ကို မှ ဘဝတစ်ခုလုံး ပုံအပ်ပြီး လောက အလယ်မှာ

အားငယ်စွာ မနေထိုင်ရ ဖို့ပါ…မိန်းမဆိုတာ …အိမ်မှု့ကိစ္စ ကောင်းစွာစီစဉ် ကိုင်တွယ် နိုင်ရမယ်။ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာလုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင် အစီစဉ်တကျ သန့်ရှင်း သပ်ရပ်စွာမထားနိုင်ဘဲနဲ့ မိမိပတ်ဝန်းကျင်၊မိမိအလုပ်၊ မိမိ လူမျိုး တိုးတက် ပြောင်းလဲ ဖို့ကောင်းစွာ အစီစဉ် တကျ လုပ်နိုင်စွမ်း ရှိမှာ မဟုတ် လို့ပါ…

မိန်းမဆိုတာ …လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။ကိုယ်ဟာ လှပစွာ တည်ရှိ နေတယ် ဆိုတဲ့ စိတ်ဟာကိုယ့်ကို ယုံကြည်ချက်အများကြီး ပေးနိုင် လို့ပါ…

မိန်းမဆိုတာ …မနက်စောစော ထရမယ်။ကိုယ့် ရည်မှန်းချက် တွေဆီမြန်မြန်ရောက် နိုင်အောင်

အလုပ်တွေ ပိုမို ပြီးမြောက်အောင်ရထားတဲ့ အချိန်ကလေးကို လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ…

မိန်းမဆိုတာ …အလှူအတန်း ရက်ရောရမယ်။ယောင်္ကျားလှူ သမျှကိုပါရမီ လိုက်ဖြည့်နေဖို့ မဟုတ်ဘူး။ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ

လွတ်လပ်စွာ လှူတန်းရခြင်းဟာကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခုဖြစ်နေလို့ပါ…

ဒါတွေ အားလုံးကိုယောင်္ကျား တစ်ယောက်ကလည်းကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး…လူတစ်ယောက် ဖြစ်နေ လို့ပါ။

နေ့ စဉ် လုပ်နေတဲ့ အရာ တွေကအကြောင်းအရာခြင်း တူရင်တောင်ရည်ရွယ်ချက် နဲ့ ခံယူချက် မတူရင် ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး…

တစ်ဖက် စောင်းနင်းတဲ့အတွေးအခေါ် မျိုးကလူ့ ပတ်ဝန်းကျင်ကို အကျိုးမပြု စေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို သူများလည်းလောင်မြိုက် ပါစေ ဆိုပြီး ဖြန့်ဝေ နေခြင်းက ကြီးစွာသောအကုသိုလ် ဖြစ်စေ ပါတယ်…

“လူ”ဆိုတာ …တဏှာ တစ်ခု တည်း အတွက် ရှင်သန် နေတာ မဟုတ်ဘူး…ကိုယ် ရှင်သန် နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့ ရပ်တည် ချက်တွေကိုကောင်းကောင်း နားလည် စေချင် မိတယ်…

#လူထုဒေါ်အမာ

Be the first to comment

Leave a Reply

Your email address will not be published.


*