
အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ ပျိုမေတိုင်းပြုလုပ်ရမယ့် အရာ (၈) ခု

ပျိုမေတို့အနေနဲ့ အချိန်တိုင်းကိုယ့် ကိုကိုယ် ဂရုစိုက်သင့်ပါတယ်။ ဒီလိုဂရုစိုက်မှ အ သက် ကြီးလေ ပိုလှလေ အချိန်ကြာလေ ပိုကြည့်ကောင်းလေဖြစ်မှာပါ။ ပျိုမေတိုင်း လိုလို နေ့စဉ်ပြုလုပ်ရမယ့် ဂရုစိုက်မှုလေးတွေကတော့

၁- အိပ်ရေးဝအောင်အိပ်ပါ

အခုနောက်ပိုင်း မိန်းကလေးအ များစုက နောက်ကျမှ အိပ်တတ်ပါတယ်။ အိပ်ချိန်ကို သိပ်ဂရုမစိုက်ကြပါဘူး။ အိပ်ချိန်မှန်မှန်ထား ဖို့ကို ရည်မှန်းချက်တစ်ခုအနေနဲ့တောင် သတ်မှတ်သင့်ပါတယ်။

၂- ကိုယ့်ကိုကိုယ်အချိန်ပေးပါ

တစ်ပတ်မှာ တစ်ခါလောက်တော့ ကိုယ်ကြိုက်တာလေးလုပ်ပေးပါ။ တစ်နာရီလောက် ဖုန်းလေးချ ထားပြီး လုပ်ချင်တာလေးတွေလုပ်ပါ။

၃- သင့်ဖုန်းကို Airplane Mode ပြောင်းထားပါ

Airplane Mode ပြောင်းထားတာက ဖုန်းဘတ်ထရီလည်းသက် သာပါတယ်။ ဖုန်းခဏပိတ်ထားတဲ့အချိန် လောကကြီးနဲ့ ခဏအ ဆက်အသွယ်ပြတ်တောက်သွားပါတယ်။ တစ်နေ့မှာ နာရီဝက်လောက် အေးအေးဆေးဆေးနေကြည့်ပါ။

၄- သင့်ကိုယ်သင်ပြုစုပါ

သင့်ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိမှာပါ။ သူ့ကိုဆို အရမ်းခင်တယ်။ သူလိုအပ်တာမှန်သမျှ ကူညီပေးတယ်။ ဂ ရုစိုက်ပေးတယ်။ သူအားငယ်လာရင် အားပေးတယ်။ ချီးကျူးတယ်။ သင့်ကိုယ်သင်လည်း ဒီလိုပဲလုပ်ပေးပါ။ သင့်ကိုယ်သင် အ ခင် ဆုံးသူငယ်ချင်းတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံပေးပါ။

၅- အကောင်းမြင်သမားတွေကိုသာ ဖိတ်ခေါ်ပါ

ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ဝန်း ရံထားတဲ့အချိန်ဘဝကြီးက ပိုလွယ် ကူသွားပါတယ်။ ပိုပျော်စ ရာကောင်းသွားပါတယ်။

၆- သင့်ကိုယ်သင်ခွင့်လွှတ်ပါ

သင့်ဘဝမှာ သင့်ကို သစ္စာဖောက်သူတွေ၊ နောက်ကြောဓားနဲ့ထိုးသူတွေရှိခဲ့ဖူးမှာပါ။ ဒီလိုလူတွေကို ဘာမှမလုပ်ဘဲ လက်လွှတ်လိုက် ပါ။ လက်လွှတ်လိုက်တဲ့အချိန် ဘာကြောင့် ဒီလိုလုပ်ခဲ့မိတာလဲ သင့်ကိုယ်သင်အပြစ်တင်မိပါလိမ့်မယ်။သင့်ကိုယ်သင်ခွင့်လွှတ်လိုက် ပါ။

၇- လက်ရှိကာလမှာနေထိုင်ပါ

လက်ရှိသင်ဒီစာကို ဖတ်နေတာပါ။ သင့်ဘဝက စာဖတ်ကာ ချစ်ရသူတွေအပေါ် သိတတ်ပြီး သာ ယာကြည်နူးဖို့ကောင်းပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်နေတယ်။ ဒါကြောင့်လည်း ဒီအ ကြောင်းအရာကို လာဖတ်တာပါ။ လက်ရှိကာလမှာပဲ နေပါ။ အလုပ်တွေများလွန်းတဲ့အနာဂတ်ကို မတွေးပါနဲ့ဦး။

၈- သဘာဝတရားထဲမှာ နေထိုင်ပါ

အပင်လေးတွေ၊ စိမ်းစိုတဲ့ သဘာဝတောတောင်၊ သဘာဝလေ ကောင်းလေသန့်တွေရှိရာ နေရာတွေကို သွားပေးပါ။ သ ဘာဝတရားကို ချစ်မြတ်နိုးပါ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*