အရမ်းကောင်းလို့ အဆုံးထိဖတ်စေချင်….

သူ့ဘဝက ကျပန်း ပန်းရံအလုပ်သမား ဘဝကနေစပြီး တဖြည်းဖြည်းနဲ့ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။

အဲ့ကနေတဆင့်ပြီးတဆင့်ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်းနဲ့ .. အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေဝင်ရာက ခုဆို အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့တယ်

သူ့ကုမ္မဏီဟာ နာမည်တော်တော်လေးရနေပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်

သူ့ရဲ့ ပန်ရံ အလုပ်သမားဘဝကတည်း ကနှစ်ပေါင်းများစွာ အတူတူပေါင်းသင်းစောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာညိုညို ညှက်ညှက်

ပိန်ပိန် ပါးပါးညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူး ကြီး ဖြစ်လာတယ်

အသားအရေ တွေကလည်းနုနယ်ပြေပြစ်ရာကနေ တဖြေးဖြေးကြမ်းတမ်းခက်ထော် ယုံမက တနေ့တခြား တွန့်လိမ်အရေးအကြောင်းထင်လာခဲ့တယ်


ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲခဲ့တာတွေကိုလဲမေ့မရခဲ့ဘူး

ဒါပေမဲ့သူ့အနေနဲ့ သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲ ဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်

အမှန်တော့ သူနဲ့ပရောပရီဖြစ်ပြီး အပေးအယူမျှနေတဲ့ သူ့ရဲ့ကုမ္မဏီက အတွင်းရေးမှူးမလေးကို သူသဘောကျနေခဲ့တာပါ

ဒါနဲ့ သူ့မိန်းမနာမည်နဲ့ ဘဏ်စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ်။ ပြီးတော့ အိမ်တစ်လုံး လည်းဝယ်ထားပေးပြီး သူ့မိန်းမကို လုံလောက်ပြည့်စုံအောင် ထောက်ပံ့ပေးထားခဲ့တယ်

သူ့အနေနဲ့ တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက် ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ်

သူ့မယားကို အခက်မတွေ့စေချင်ဘူး။ ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲ ကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး

နောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ်။ သူမဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေးထိုင်နားထောင်ပေးတယ်

သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကိုလွဲပေးပြီး နှစ်

၂၀ ကျော်လက်တွဲလာတဲ့ ဘဝ ကိုအဆုံးသတ်လိုက်ပြီး အလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ်

တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်ဘူး။ နေ့လည်ခင်းကျတော့သူအိမ်ပြန်လာတော့ သူမိန်းမ လည်းထွက်သွားခဲ့ပြီ။

သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့နဲ့အိမ်ဂရမ်တွေ၊ ဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ်…။အဲ့အောက်မှာ သူမ ရေးထားတဲ့စာတစ်စောင်လည်း ရှိနေတယ်

ကျွန်မပြန် သွားပြီ ..နော် ၊ အမေတို့ ရွာကိုပဲပြန်မှာပါ ၊ ရှင့်ရှာထားတဲ့ ပိုက်ဆံတွေအိမ်တွေ ကျွန်မအတွက် မလိုအပ်လို့ပြန်ထားခဲ့လိုက်တယ်။ အမေတို့ဆီမှာ ကျွန်မအတွက်အကုန်ရှိတာပဲ။

အဝတ်အစား တွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေ ကျွန်မလျော်ထားပေးခဲ့တယ်။ အဝတ်ဘီဒို ရဲ့အောက်ဆုံးထပ်မှာထည့်ထားတယ်။ အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း။

အဝတ်တွေကို ချိတ်နဲ့ချိတ်ထား ပေးတယ်။ ရှင့်ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က ဘီဒိုအလယ်ထပ် မှာနော်။ အတွင်းခံတွေလဲ လျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော်…။

ကျွန်မ မရှိတော့ပေမဲ့ ဆရာပေးထားတဲ့ အစာအိမ်ဆေးတွေ သောက်ဖို့မမေ့နဲ့အုန်း….။

နောက်တစ်ခု ရှင်ကအိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မ သော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာ အပ်ထားပေးတယ်နော်…။

မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်သွားဖို့မမေ့နဲ့အုန်း။ မိုးရွာလို့ မိုးပက်ရင် အိပ်ရာတွေစိုရွဲကုန်မယ်…။

ကျွန်မ ရှင်ကြိုက်တဲ့ ဆိတ်သားခြောက် နဲ့ဝက်သားခြောက်နေတစ်လှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ်…။

စားချင်တဲ့အခါဆီအိုးလေးတည်ပြီး ကြော်စားလိုက်ယုံပဲ ။ ပြီးတော့ ဟင်းချိုမုန့်မပါပဲ ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်…။

တင့်ဆွေတို့နဲ့ ဘီယာမြည်း မပြစ်လိုက်နဲ့အုန်း…။သူမ ရေးထားတဲ့စာလုံးတွေက ကြောင်ခြစ်ထားသလိုပဲ။ မညီမညာနဲ့ လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ…။

ဒါပေမဲ့စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန်တွေဆိုတာ သူခံစားမိလေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့နာကျင်လာတယ်…။


အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမ ကိုပျော်ရွင်အောင်ထားရ မယ်လို့ သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်…။

သူချက်ချင်းပဲ ကားမောင်းထွက်ပြီးသူ့မိန်းမကိုလိုက်ရှာတယ်။ နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ်။ သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွဲနစ်နေတာပဲ…။

သူ …မိန်းမကိုဒေါသနဲ့လှမ်းအော်တယ်။ နင်က ဘယ်ကိုသွားမလို့လဲ။ ငါ အခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာ ထမင်းတောင်မစားရသေးဘူး…။

အိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့…။

သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာရင်း ထိုင်ရာကထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ ခဲ့တော့တယ် ။သူမ မျက်နာမှာလည်း မျက်ရည်စတွေနဲ့ ပြုံးလာတယ်။

သူမ မသိတာက သူ့ရှေ့က စိုက်စိုက်နဲ့လျောက်နေနဲ့ သူယောက်ျား ရဲ့ပါးမှာမျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ…။

စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာလို့ မတွေ့တော့မှာကိုပဲ အရမ်းကြောက်နေခဲ့တာပါ။

သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်။ ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ။

ဘာမဟုတ်တဲ့ တစ်ခြားမိန်းမ လှတာလေးနဲ့ပဲ သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှနှစ်ပေါင်း၂ဝကျော် အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့ မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲပေါ့။

တကယ်ဆို သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာ သူနားလည်သွားပါပြီ…။

ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး ။ ကိုယ်ချစ်တဲ့သူရဲ့ အပြုံးပေါ်မှာတာမူတည်တာပါ။

လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ…။

Credit: မူရင်းရေးသူ

Be the first to comment

Leave a Reply

Your email address will not be published.


*