ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ စက်သုံးဆီလိုအပ်မှုမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်

ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ စက်သုံးဆီလိုအပ်မှုမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်

နိုင်ငံခြားထွက်ငွေ လျော့နည်းစေရေးအတွက်ဟုဆိုကာ တစ်ဦးချင်းအစီအစဉ်ဖြင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းကို စက်တင်ဘာလ ၂၇ရက်နေ့ကစပြီး ဆိုင်းငံ့ထား လိုက်ကြောင်း သိရပါတယ်။

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအား ကန့်သတ်ဆောင်ရွက်မည့် အစီအစဉ်နဲ့ စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်‌ထောင်စု၀န်ကြီး ဒေါက်တာပွင့်ဆန်းရဲ့လက်မှတ်ဖြင့် စာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တစ်ဦးခြင်း ကားတင်သွင်းခွင့်ကို ယခုအခါ ပြည်ပနိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုနဲ့အတူ စက်သုံးဆီလိုအပ်မှု မြင့်တက်လာခဲ့ခြင်းတို့ကြောင့် ဆိုင်းငံ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မော်တော်ယာဉ် အရောင်းစင်တာ/အရောင်းပြခန်းများသို့ ပြည်ပမှ မော်တော် ယာဉ်တင်သွင်းခွင့် သွင်းကုန်လိုင်စင်လျှောက်ထားမှုကို အောက်တိုဘာ ၁ရက်ကစပြီး ရပ်ဆိုင်းထားမယ်လို့လည်း သိရပါတယ်။

ထို့နောက် ၀န်ထမ်းကောင်းတံဆိပ်ရရှိသူများအား ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ခွင့်ပြုခဲ့သည့်အစီအစဉ်ကိုလည်း အောက်တိုဘာ ၁ရက်ကစပြီး ယာယီရပ်ဆိုင်း ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi

ေဒၚလာေဈးျမင့္တက္မႈနဲ႔အတူ စက္သုံးဆီလိုအပ္မႈျမင့္တက္လာခဲ့ျခင္းေၾကာင့္ ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ရပ္ဆိုင္းလိုက္ၿပီျဖစ္

ႏိုင္ငံျခားထြက္ေငြ ေလ်ာ့နည္းေစေရးအတြက္ဟုဆိုကာ တစ္ဦးခ်င္းအစီအစဥ္ျဖင့္ ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းကို စက္တင္ဘာလ ၂၇ရက္ေန႔ကစၿပီး ဆိုင္းငံ့ထား လိုက္ေၾကာင္း သိရပါတယ္။

ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းမႈအား ကန႔္သတ္ေဆာင္႐ြက္မည့္ အစီအစဥ္နဲ႔ စပ္လ်ဥ္းၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန ျပည္‌ေထာင္စု၀န္ႀကီး ေဒါက္တာပြင့္ဆန္းရဲ႕လက္မွတ္ျဖင့္ စာထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

တစ္ဦးျခင္း ကားတင္သြင္းခြင့္ကို ယခုအခါ ျပည္ပႏိုင္ငံျခားသုံးေငြ အေမရိကန္ေဒၚလာ ေဈးျမင့္တက္မႈနဲ႔အတူ စက္သုံးဆီလိုအပ္မႈ ျမင့္တက္လာခဲ့ျခင္းတို႔ေၾကာင့္ ဆိုင္းငံ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာ/အေရာင္းျပခန္းမ်ားသို႔ ျပည္ပမွ ေမာ္ေတာ္ ယာဥ္တင္သြင္းခြင့္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားမႈကို ေအာက္တိုဘာ ၁ရက္ကစၿပီး ရပ္ဆိုင္းထားမယ္လို႔လည္း သိရပါတယ္။

ထို႔ေနာက္ ၀န္ထမ္းေကာင္းတံဆိပ္ရရွိသူမ်ားအား ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ခြင့္ျပဳခဲ့သည့္အစီအစဥ္ကိုလည္း ေအာက္တိုဘာ ၁ရက္ကစၿပီး ယာယီရပ္ဆိုင္း ထားမွာျဖစ္တယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*